အာဏာလွှဲပြောင်းမှု ကုလသမဂ္ဂနှင့် အမေရိကန် ဝေဖန်ပြောဆို

Thursday, 31 March 2011 11:58 သတင်းတိုများ
Print
မြန်မာနိုင်ငံ၌ ယမန်နေ့က အစိုးရသစ်ဖွဲ့၍ နအဖ စစ်အစိုးရ က အစိုးရသစ်ကို အာဏာလွှဲပြောင်း လိုက်ခြင်းအပေါ် ကုလသမဂ္ဂ နှင့် အမေရိကန်နိုင်ငံတို့က ဝေဖန် ပြောဆိုသည်။ အရပ်သား အစိုးရသစ် ဖွဲ့လိုက်သော်လည်း စစ်ယူနီဖောင်းချွတ် ဗိုလ်ချုပ် ဟောင်းများက အရေးကြီးသည့် နေရာများကို ဆက်လက် ယူထားသည့်အတွက် ကြီးမားသော အပြောင်းအလဲ မဟုတ် ကြောင်း၊ အဓိကကျသည့် ဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး စစ်အုပ်စု သြဇာ သက်ရောက် နေဆဲဖြစ်သည်ဟု ယူဆကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန က ပြောသည်။ ကုလသမဂ္ဂ ကမူ ယခုပြောင်းလဲမှုသည် အများလက်ခံနိုင်သည့် အပြောင်းအလဲများအတွက် အစပြုချက် ဖြစ်လာရန် တိုက်တွန်းလိုက်သည်။