ဖျာပုံ၌ လေဘေးသင့် ရေလုပ်သား တသောင်းကျော် ကယ်ထား

Thursday, 31 March 2011 13:32 သတင်းတိုများ
Print
ဧရာဝတီတိုင်း ဖျာပုံခရိုင် အတွင်းရှိ လေဘေးသင့် ရေလုပ်သား ၁၁၀၀၀ ကျော်ကို ကယ်ဆယ်ရရှိထားသည်ဟု သိရသည်။ ယခု အရေအတွက်သည် ဖျာပုံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း၂ ခုသို့ ဒေသအသီးသီးမှ ကယ်ဆယ် ရရှိလာပြီး သည့် လူစာရင်းဖြစ်သည်ဟု ဖျာပုံမြို့နယ် ကျားပိုက်လုပ်ငန်းရှင်များအဖွဲ့ တာဝန်ရှိသူ တဦးက ယနေ့ ပြောသည်။