သမ္မတ ဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲ လုပ်မည်

Friday, 08 April 2011 11:28 သတင်းတိုများ
Print
သမ္မတ ဦးသိန်းစိန်သည် မကြာမီကာလတွင် သတင်းစာရှင်းလင်းပွဲတရပ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန အသိုင်းအ၀ိုင်းက ပြောသည်။ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်မည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာများကိုလည်း ဖိတ်ကြားမည်ဟု သိရသည်။