စင်္ကာပူက မြန်မာကို ဆက်လက် ထောက်ပံ့မည်

Monday, 11 April 2011 12:19 သတင်းတိုများ
Print
စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ယိုးက လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံကို ဆက်လက် အထောက် အပံ့ပြုသွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ၏ အရှေ့အာရှဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ အ လွတ်သဘောတွေ့ဆုံရာတွင် မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်အား မစ္စတာ ဂျော့ယိုး က ယင်းသို့ ပြောဆိုလိုက်ခြင်း
ဖြစ်ကြောင်း သိရသည်။