ရေနံချောင်း၌ နားရွက်ပြာဟု ယူဆရသော ရောဂါကြောင့် ၀က်များသေဆုံး

Tuesday, 19 April 2011 13:09 သတင်းတိုများ
Print
မကွေးတိုင်း ရေနံချောင်းမြို့နယ်ရှိ ကျေးရွာတချို့တွင် ၀က်နားရွက်ပြာရောဂါဟု ယူဆရသော ရောဂါတမျိုးကြောင့် ၀က်သေဆုံးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။ ဥသျှစ်ကုန်း၊ နတ်ကန်ဦး၊ ယာကြီးပြင် စသည့်ကျေးရွာများရှိ တနိုင်တပိုင် ၀က်မွေးမြူသည့် ခြံများတွင် သေဆုံးခြင်းဖြစ်ပြီး ယခုအခါ မြို့နယ် တိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ လိုက်လံကုသပေးနေကြောင်း သိရသည်။