ရခိုင်တွင် ကြံ့ဖွံ့ အကျွေးအမွေးဖြင့် စည်းရုံးဦးမည်

Tuesday, 26 April 2011 12:52 သတင်းတိုများ
Print
ကြံ့ဖွံ့ပါတီ မှ လွှတ်တော်ကိုယ်စားလှယ်များသည် ရခိုင်ပြည်နယ် မြေပုံ၊ ပေါက်တော၊ မောင်းတော စသည့်မြို့နယ်များမှ ပြည် သူများအား ၎င်းတို့ပါတီ၏ လုပ်ဆောင်ချက်များ၊ အစိုးရသစ်၏ လုပ်ဆောင်ပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ စည်းရုံးမှု များ စတင်နေကြောင်း ဒေသခံများက ပြောသည်။ ကြံ့ဖွံ့ပါတီ အမတ်များက ဒေသခံပြည်သူများအား အကျွေးအမွေး အစီ အစဉ် များဖြင့် ယနေ့မှစ၍ ဆက်တိုက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ မြို့နယ်အာဏာပိုင်များ၊ ရပ်ကွက် ကျေးရွာ အာဏာ ပိုင်များကလည်း ပါဝင်ကူညီမည်ဖြစ်ကြောင်း သိရသည်။