NLD ရုံးချုပ်တွင် ပညာရေးထောက်ပံ့ငွေ ပေးအပ်ပွဲ ကျင်းပမည်

Tuesday, 10 May 2011 11:44 သတင်းတိုများ
Print
ရန်ကုန် NLD ရုံးချုပ်တွင် ယနေ့ နေ့လယ် ၁ နာရီ၌ နိုင်ငံရေးအကျဉ်းသားများ၏ သားသမီး ၁၂၃ ဦးကို လာမည့် ပညာသင်နှစ် အတွက် ထောက်ပံ့ငွေအဖြစ် တဦးလျှင် ကျပ် ၄ သောင်း ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်က နိုင်ငံရေး အကျဉ်းသားများ၏ သားသမီး ၁၂၅ ဦးကို တဦးလျှင် ကျပ် ၃ သောင်းပေးအပ်ခဲ့ကြောင်း၊ ယနေ့ကျင်းပမည့် ဒဿမ အကြိမ်မြောက် ပညာရေးထောက်ပံ့ငွေပေးအပ်ပွဲတွင် အလှူငွေ ကျပ် ၅ ထောင်နှင့်အထက် လာရောက် လှူဒါန်းသူများကို ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြု မှတ်တမ်းချီးမြှင့်မည်ဖြစ်ကြောင်း NLD လူမှု အထောက်အကူပြုအဖွဲ့က ပြောသည်။