ဂီရိ ဒဏ်သင့် ကျေးရွာတချို့ ကချင်ကို ရွှေ့

Wednesday, 11 May 2011 15:39 သတင်းတိုများ
Print
ရခိုင်ပြည်နယ်အတွင်းမှ ဂီရိလေဘေးသင့်ဒေသများဖြစ်သော မင်းပြားမြို့နယ်နှင့်ပေါက်တောမြို့နယ်တို့မှ ကျေးရွာ တချို့သည် ကချင်ပြည်နယ် ဖားကန့်ဒေသ၊ တနိုင်းဒေသ ရှိ ယုဇန ဦးဌေးမြင့်ပိုင်ဆိုင်သော ပီလောပီနံစိုက်ခင်းများ၌ လုပ်ကိုင်ရန် ရွာလုံးကျွတ်ပြောင်းရွှေ့ သွားကြကြောင်း သိရသည်။ ထိုသို့ ပြောင်းရွှေ့ရခြင်းမှာ ၎င်းတို့လုပ်ကိုင်စားသောက်ရာ မြစ်ချောင်း အင်းအိုင် များကို ပြည်နယ်အစိုးရသစ်က လေလံစနစ်ဖြင့် လုပ်ဆောင်လိုက်ခြင်းနှင့် ဂီရိကြောင့် ပျက်စီးသွားသည့်လယ်မြေများကို လုပ် ကိုင် နိုင်မှု မရှိတော့ခြင်းကြောင့် ဟု ဒေသခံများက ဆိုသည်။