ကုလအထူးကိုယ်စားလှယ်နှင့် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

Thursday, 12 May 2011 11:52 သတင်းတိုများ
Print
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၃ ရက်ကြာ ခရီးစဉ်အဖြစ် ယမန်နေ့က ရောက်ရှိလာပြီး မွန်းလွဲပိုင်းတွင် နေပြည်တော်၌ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးသည်။ မစ္စတာ နမ်ဘီယာသည် ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အလုပ်အမှုဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီအပါအဝင် နိုင်ငံရေး ၁၀ ပါတီကိုလည်း မေလ ၁၃ ရက်နေ့၌ တွေ့ဆုံရန် အစီအစဉ်ရှိသည်။