ထားဝယ် ရေနက်ဆိပ်ကမ်း ဒေသခံ ၁၀၀၀၀ ခန့် ရွှေ့ပြောင်းရနိုင်

Thursday, 09 June 2011 14:28 သတင်းတိုများ
Print
တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း နယ်မြေအတွင်းရှိ ဒေသခံ ပြည်သူ ၁၀၀၀၀ ခန့် ရွှေ့ပြောင်းရဖွယ်ရှိကြောင်း သိရသည်။ ထိုဒေသခံများသည် နေရာသစ် တနေရာသို့ ပြောင်းရွှေ့ရမည်ဖြစ်သည်ဟု စီမံကိန်း တည်ဆောက်ရေး လုပ်ကိုင်ခွင့် ရထားသော Italian-Thai Development ကုမ္ပဏီ အကြီးအကဲကို ကိုးကား၍ AFP သတင်း၌ ဖော်ပြထားသည်။ Italian-Thai Development ကုမ္ပဏီသည် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်နေ့တွင် မြန်မာ အာဏာပိုင်များနှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။