မူးယစ်ဆေးဝါး ဒေါ်လာ သန်း ၅၀ ဖိုး ဖျက်ဆီး

Monday, 27 June 2011 11:35 သတင်းတိုများ
Print
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြစ် မြန်မာအစိုးရက ဖမ်းဆီးရမိထားသော ဘိန်းနှင့် မူးယစ်ဆေးဝါး ဒေါ်လာ သန်း ၅၀ ကျော်ဖိုးကို မီးရှို့ဖျက်ဆီးကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ကုလသမဂ္ဂက ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ဘိန်းအများဆုံး ထွက်ရှိရာ ဒေသဖြစ်နေပြီး ၂၀၀၇ မှ ၂၀၁၀ အတွင်း ၅ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု သိရသည်။