ဗုံးကွဲမှုများအတွက် ရှမ်းအမျိုးသား ၃ ဦးကို စွပ်စွဲ

Wednesday, 29 June 2011 11:14 သတင်းတိုများ
Print
နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်တို့ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ ရှမ်းအမျိုးသား ၃ ဦးကို အစိုးရက စွပ်စွဲထားပြီး ၎င်းတို့၏ အမည်၊ အသက်၊ ပုံပန်းသဏ္ဍန်တို့ကို ဖော်ပြကာ ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာသို့ အကြောင်းကြားပေးရန် ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါ သုံးဦးမှာ အသက် ၂၅ အရွယ်ခန့်ရှိကြသည့် စိုင်းဆမ်၊ စိုင်းအိုက်၊ စိုင်းကျော်မြင့်ဦးတို့ ဖြစ်သည်ဟု ရေးသားထားပြီး မည်သည့် အဖွဲ့အစည်းများနှင့် ပတ်သက်သည်ကိုမူ ဖော်ပြခြင်းမရှိပေ။