ပြန်ပို့ခံရခြင်းအတွက် ဝမ်းနည်းမိကြောင်း မီရှဲလ်ယိုး ပြော

Friday, 01 July 2011 11:33 သတင်းတိုများ
Print
ဒေါ်အောင်ဆန်းစုကြည်အဖြစ် The Lady ရုပ်ရှင်တွင် သရုပ်ဆောင်ထားသော မလေးရှားနိုင်ငံဖွား သရုပ်ဆောင် မီရှဲလ်ယိုးက ရန်ကုန် နိုင်ငံတကာ လေဆိပ်မှ ပြန်ပို့ခံရခြင်းနှင့် ပတ်သက်၍ အထိတ်တလန့် ဖြစ်ခဲ့ရပြီး အလွန် ဝမ်းနည်းခဲ့ရသည်ဟု မလေးရှား မီဒီယာများသို့ ပြောဆိုသည်။ လူဝင်မှု ကြီးကြပ်ရေးက ကောင်းမွန်စွာ ဆက်ဆံကြောင်း၊ သို့သော် ပြန်ပို့ခံရခြင်းအတွက် အကြောင်းပြချင်လည်း မပေး၊ သင့်လျှော်သည့် အထောက်အထားလည်း မပြခဲ့ကြောင်း မီရှဲလ်ယိုးက ပြောသည်။