ပြည်တွင်းစစ် ရပ်စဲရေး တောင်းဆိုချက် ထုတ်ပြန်

Tuesday, 05 July 2011 11:32 သတင်းတိုများ
Print
၁၉၄၈ ခုနှစ်ကတည်း က စတင်ခဲ့သည့် ပြည်တွင်းစစ်သည် န၀တ ၊ နအဖ စစ်အစိုးရများ လက်ထက်နှင့် ယခုအထိ တိုင်းရင်းသား ဒေသများ၌ ဆက်လက်ဖြစ်ပွားနေပြီး စစ်မှန်သော ငြိမ်းချမ်းရေးမတည်ဆောက်ဘဲ ထိုးစစ်များဖြင့် ကျင့်သုံးနေခြင်းကို ရပ်တံ့ရန် ယမန်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့အပါအ၀င် အဖွဲ့ပေါင်း ၉ ဖွဲ့က ကြေညာချက်ထုတ်၍ ဦးသိန်းစိန် အစိုးရကို တောင်းဆိုလိုက်သည်။ ကချင်ပြည်နယ်အတွင်း တည်ဆောက်နေသော ရေကာတာစီမံကိန်းကို အကြောင်းပြု၍ လတ်တလောဖြစ်ပွားနေသည့် အစိုးရနှင့် KIA တပ်များ၏ တိုက်ပွဲများကြောင့် ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရမှုများနှင့်ကြုံနေကြရသည့် အတွက် ယင်း ရေကာ တာ စီမံကိန်းများ ရပ်တံ့ပေးရန် တရုတ်အစိုးရသို့ တောင်းဆိုသည့် ကြေညာချက်လည်း ထုတ်ပြန်ထားသည်။