ကျောက်မဲ ဗုံးကွဲ၊ ၄ ဦးဒဏ်ရာရ

Wednesday, 13 July 2011 11:50 သတင်းတိုများ
Print
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အ၀င် ဂိတ်အနီးတွင် ယမန်နေ့ည ၉ နာရီခန့်က ဗုံးတလုံးပေါက်ကွဲရာ လူ ၄ ဦး ဒဏ်ရာ ရသွားပြီး ၃ ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ကျောက်မဲမြို့ခံတဦးက ဧရာဝတီသို့ပြောသည်။ ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကိုမူ မသိရသေးပေ။