တိုရွန်တို ရုပ်ရှင်ပွဲတော်တွင် The Lady ကို ပွဲဦးထွက် ပြမည်

Wednesday, 27 July 2011 13:01 သတင်းတိုများ
Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူထားသော The Lady ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာလတွင် ကနေဒါနိုင်ငံ တိုရွန်တို ရုပ်ရှင်ပွဲတော်၌ ပွဲဦးထွက် ပြသသွားမည်ဟု သိရသည်။ ယင်းဇာတ်ကားကို ပြင်သစ် ဒါရိုက်တာ Luc Besson က ရိုက်ကူးပြီး ဒေါ်အောင်ဆန်းစုကြည်အဖြစ် မစ်ရှဲယိုးလ်က သရုပ်ဆောင်ထားသည်။