အာဆီယံ ရေတပ်အကြီးအကဲများ အစည်းအဝေး ကျင်းပ

Thursday, 28 July 2011 11:58 သတင်းတိုများ
Print
ပဉ္စမ အကြိမ်မြောက် အာဆီယံ ရေတပ် အကြီးအကဲများ အစည်းအဝေးကို ယမန်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသည်။ အစည်းအဝေးတွင် ဗီယက်နမ် ဒု ရေတပ်ဗိုလ်ချုပ်ကြီး ငုယင် ဗန် ဟိန်း က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြန်မာအပါအဝင် အာဆီယံနိုင်ငံများမှ ရေတပ်ဗိုလ်ချုပ်များ တက်ရောက်သည်။ ဗီယက်နမ် သတင်းများအရ အစည်းအဝေးတွင် ဒေသတွင်း လုံခြုံရေး သတင်းအချက်နှင့် အတွေ့အကြုံများ ဖလှယ်ခြင်း၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်း၊ အာဆီယံ နိုင်ငံများအတွင်း ရေတပ်အရာရှိများ အပြန်အလှန် စေလွှတ်ခြင်းကိစ္စများ ပါဝင်ကြောင်း သိရသည်။