လိင်ဖျော်ဖြေရေး အခိုင်းခံရသူ မြန်မာ အမျိုးသမီး ၁၁ ဦးကို ကယ်တင်

Thursday, 28 July 2011 11:58 သတင်းတိုများ
Print
ထိုင်းနိုင်ငံ တောင်ပိုင်း နခွန်ဆီထမရတ်မြို့ရှိ ကာရာအိုကေဆိုင် တဆိုင်တွင် အတင်းအဓမ္မ လိင်ဖျော်ဖြေရေး အခိုင်းခံနေရသည့် မြန်မာအမျိုးသမီး ၁၁ ဦးကို ယမန်နေ့က ထိုင်း အာဏာပိုင်များက ကယ်တင်ခဲ့ကြောင်း သိရသည်။ ယခု ကယ်တင်ထားသော မိန်းကလေးများသည် အသက် ၁၅ နှစ်မှ ၂၃ နှစ် အရွယ်ရှိကြကြောင်း၊ ထိုင်း အမျိုးသမီး ၃ ဦးလည်း ပါဝင်ကြောင်း ထိုင်းသတင်းတပုဒ်တွင် ဖော်ပြထားသည်။ ထိုင်းရဲများက လိင်ပျော်ပါးလိုသူများ ဟန်ဆောင်၍ ဆိုင်သို့ ဝင်ရောက်ပြီး ၎င်းတို့ကို ကယ်တင်ပြီးနောက် လုပ်ငန်းပိုင်ရှင်ကိုလည်း အရေးယူနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။