အိန္ဒိယက ရေအားလျှပ်စစ် စီမံကိန်း ၂ ခု စတင် အကောင်အထည်ဖော်မည်

Tuesday, 02 August 2011 11:44 သတင်းတိုများ
Print
အိန္ဒိယ နိုင်ငံပိုင် ရေအားလျှပ်စစ်လုပ်ငန်း NHPC က မြန်မာနိုင်ငံတွင် သဘောတူညီချက် ရထားပြီးဖြစ်သည့် ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်း ၂ ခုကို စတင်လုပ်ဆောင်မည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာသည်။ ချင်းတွင်းမြစ်တလျှောက်တွင် တည်ဆောက်နေသည့် ၁၂၀၀ မီဂါဝပ် ထမံသီ စီမံကိန်းနှင့် ၆၆၀ မီဂါဝပ် ရွှေစာရေး စီမံကိန်းတို့နှင့် ပတ်သက်၍ အိန္ဒိယအစိုးရက အသေးစိတ် စီမံကိန်း အစီရင်ခံစာကို ထုတ်ပြန်ရန် ပြင်ဆင်နေသည်ဟု အိန္ဒိယ သတင်းများက ဆိုသည်။