ထိုင်းရေပိုင်နက်တွင် မြန်မာ ၅၅ ဦး အဖမ်းခံရ

Wednesday, 10 August 2011 11:46 သတင်းတိုများ
Print
ထိုင်းနိုင်ငံ ရနောင်းခရိုင် ရေပိုင်နက်အတွင်း ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၅၅ ဦးကို ယမန်နေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။ ကော့သောင်းမြို့မှ တဘက်ကမ်းရှိ ရနောင်းမြို့သို့ ရေလမ်းခရီးဖြင့် ဖြတ်သန်းနေစဉ် တရားဝင် ခရီးသွားလာခွင့် စာရွက်စာတမ်း မရှိ၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ အဖမ်းခံရသူများတွင် အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၉ ဦးနှင့် ကလေး ၃ ဦး ပါဝင်ကြောင်း၊ လှေသမားက ထွက်ပြေးရန် ကြိုးစားခဲ့သေးကြောင်း သိရသည်။