ဧရာဝတီမြစ်အရေး ပြည်တွင်းမီဒီယာ ထုတ်ဖော်ဝေဖန်

Thursday, 11 August 2011 12:25 သတင်းတိုများ
Print
သြဂုတ်လ ၉ ရက်နေ့ထုတ် အစိုးရသတင်းစာပါ ဧရာဝတီမြစ်ကြောမှ ရေအားလျှပ်စစ်စီမံကိန်းများအပေါ် ခုခံကာကွယ်ရေးသားမှုကို Eleven Media Group နှင့် သတင်းစာ ဆရာကြီး လူထုဦးစိန်ဝင်းတို့က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။ သတင်းစာ ဆောင်းပါးအပါ အချက်အလက်များအပေါ် ပြန်လည် ထောက်ပြထားပြီး လတ်တလော ဧရာဝတီမြစ်၏ သဘာဝ ဂေဟစနစ် ပျက်စီးနေခြင်းများအပေါ် ဆွေးနွေးဝေဖန်ထားသည်။