အစိုးရ ပြောခွင့်ရအဖွဲ့ ဖွဲ့

Thursday, 11 August 2011 12:27 သတင်းတိုများ
Print
အစိုးရ၏ အဖွဲ့ဝင် ၁၁ ဦးပါ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းကြောင်း ယနေ့ အစိုးရသတင်းစာများတွင် ထုတ်ပြန်ကြေညာသည်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး ပြည်ထဲရေး၊ နိုင်ငံခြားရေး စသည့်ဝန်ကြီးဌာနများမှ ဒုဝန်ကြီးများနှင့် ရဲတပ်ဖွဲ့၊ ကာကွယ်ရေးဦးစီးချုပ်ရုံးတို့မှာ တာဝန်ရှိသူများ ပါဝင်သည်။