ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ရေး စာရင်းတင်သွင်းနိုင်

Thursday, 01 September 2011 11:52 သတင်းတိုများ
Print
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို စက်တင်ဘာ ဒုတိယပတ်အတွင်း ဆွေးနွေးရန် ဆုံးဖြတ်သည့်အတွက် ပြင်ဆင်လိုသည့် ဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာတို့ကို ဖော်ပြ၍ အောက်လွှတ်တော်သို့ တင်သွင်းနိုင်ကြောင်း သိရသည်။ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က လွှတ်တော်သို့ တင်သွင်းခြင်း ဖြစ်သည်။