အမေရိကန် ဂီတဝိုင်း မြန်မာပြည်လာရန် စီစဉ်

Thursday, 01 September 2011 11:53 သတင်းတိုများ
Print
အပြန်အလှန် ကူးလူးဆက်ဆံရေး ကြိုးပမ်းမှုအနေဖြင့် အမေရိကန် တေးဂီတအဖွဲ့တခုကို မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံ ၅ ခုသို့ စေလွှတ်မည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာသည်။ Earth String အမည်ရှိ ဂီတဝိုင်းသည် ဗီဇာရရှိပါက မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၁ မှ ၂၅ ရက်နေ့အထိ လာရောက်ဖျော်ဖြေမည်ဟု သိရသည်။ Earth String သည် လာအို၊ ထိုင်း၊ အရှေ့တီမောနှင့် တောင်ကိုရီးယားတို့တွင်လည်း ဖျော်ဖြေမည်ဖြစ်သည်။ ၂၀၀၉ တွင် The Student Loan နှင့် ၂၀၀၈ တွင် Maya Azucena ဂီတဝိုင်းများလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် လာရောက်ဖျော်ဖြေဖူးသည်။