The Messenger ဂျာနယ်ကို အရေးယူ

Wednesday, 07 September 2011 15:59 သတင်းတိုများ
Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူး ဖော်ပြ ထုတ်ဝေခဲ့သည့် The Messenger News Journal ဂျာနယ်ကို နောက်ဆက်တွဲ မျက်နှာဖုံး သတင်းတင်ပြခွင့်နှင့် အပိုပြ ၂ မျက်နှာဖော်ပြခွင့် တပတ်ပိတ်ပင်လိုက်ကြောင်း သိရသည်။ ယင်းသို့ ပိတ်ပင်ကြောင်း The Messenger ဂျာနယ်တိုက်သို့ ယနေ့နံနက် ၁၀ နာရီက စာပေစိစစ်ရေးမှ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ စာပေစိစစ်ရေးမူများကို ဖောက်ဖျက်၍ ယင်းသို့ အရေးယူခြင်းဖြစ်သည်ဟုသာ သိရကြောင်း ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးက ပြောသည်။