စာပေစိစစ်ရေး လိုအပ်ဆဲဟု ဦးကျော်ဆန်း ပြော

Thursday, 08 September 2011 11:34 သတင်းတိုများ
Print
စာပေစိစစ်ရေး၏ အခန်းကဏ္ဍသည် လိုအပ်နေဆဲဖြစ်ပြီး စာပေစိစစ်ရေးက ဥပဒေနှင့် ထိန်းသိမ်းပေးနေခြင်းသည် စာပေလောက အကျိုးအတွက်ဖြစ်သည်ဟု ပြန်ကြားဝန်ကြီး ဦးကျော်ဆန်းက ယမန်နေ့က လွှတ်တော်တွင် ပြောသွားသည်။ သင်္ဃန်းကျွန်းလွှတ်တော်အမတ် ဦးသိန်းညွန့်၏ သတင်းမီဒီယာများ၏ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်စသည့် အခွင့်အရေးများ ကာကွယ်စောင့်ရှောင်ရေး ဥပေဒတရပ် ပြဌာန်ဒရန်လိုအပ်ကြောင်း တင်ပြရာ ဦးကျော်ဆန်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။