ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ်အလှူ ဖိတ်စာများပို့

Thursday, 08 September 2011 11:35 သတင်းတိုများ
Print
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်တွင် ကွယ်လွန်သူများအား ရည်စူး၍ ၀ါဆိုသင်္ကန်းကပ်ခြင်းနှင့် မူလတန်းကလေးများအား စာရေးကိရိယာ လှူဒါန်းခြင်းတို့ကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ ပစ္ဆိမာရုံ (မြိတ်) ကျောင်းတိုက်တွင် ကျင်းပရန် စီစဉ်ထားသည်။ ယင်းအခမ်းအနားသို့ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်နိုင်ရန် ဖိတ်စာများကို လက်ဆင့်ကမ်း ဝေငှထားကြောင်း သိရသည်။ ထို့အပြင် ထိုင်းနိုင်ငံ အုန်းဖျန် ဒုက္ခသည်စခန်းရှိ ကမ္ဘာလုံးချမ်းသာ ဘုန်တော်ကြီးကျောင်းတွင်လည်း စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရွှေဝါရောင် တော်လှန်ရေး အခမ်းအနား ကျင်းပမည်ဖြစ်သည်။