မြစ်ဆုံစီမံကိန်း ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်

Monday, 12 September 2011 11:42 သတင်းတိုများ
Print
မည်သည့်ကန့်ကွက်မှုများရှိစေ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည်ပြီး မည်သည့်အခါမှ နောက်ဆုတ်မည်မဟုတ်ဟု အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ပြောသည်။ စက်တင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတခု၌ ဦးဇော်မင်းက ယင်းကဲ့သို့ ပြောခြင်းဖြစ်ကြောင်း Eleven Media Group ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။