ပိတ်ဆို့ထားသော ဝက်ဘ်ဆိုဒ်များ ပြန်ပွင့်

Friday, 16 September 2011 11:57 သတင်းတိုများ
Print
ယမန်နေ့တွင် ပြည်တွင်း၌ ပိတ်ထားသော ပြည်ပမီဒီယာဝက်ဘ်ဆိုဒ်များ ပြန်ပွင့်လာသည်ဟု အင်တာနက် သုံးစွဲသူများက ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်း လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာပြည်သို့ ရောက်ရှိလာစဉ်ကလည်း ပြည်ပ သတင်းဝက်ဘ်ဆိုဒ်တချို့ ပြန်ပွင့်ခဲ့သေးသည်။ ဘလော့ဂ်များကိုမှု ပိတ်ဆို့ထားဆဲဖြစ်သည်ဟု သိရသည်။