မြစ်ဆုံ စီမံကိန်း လူထုသို့ ချပြရန် ပါတီ ၁၀ ခု တိုက်တွန်း

Wednesday, 21 September 2011 11:31 သတင်းတိုများ
Print
ဧရာဝတီ မြစ်ဆုံ ရေကာတာစီမံကိန်းနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ပြန်လည်သုံးသပ်ပြီး လူထုသို့ချပြရန် ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီ ၁၀ ခုက ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။ အမျိုးသားဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ စသည့် ပါတီ ၁၀ ခုက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။