၂၀၁၀ သင်္ကြန်ဟောကိန်း

၂၀၁၀ သင်္ကြန်က ကဆုန်လမှာ ကျရောက်မယ့် သင်္ကြန် ဖြစ်ပါတယ်။ အဲဒီလို ကျတဲ့ သင်္ကြန် နှစ်တွေမှာ ထူးထူး ခြားခြား ဖြစ်ရပ် ဆန်းတွေ ရှိခဲ့တယ်။ လူတွေ မသိနိုင်တဲ့ ကာလတွေ ကတည်းက ရှိခဲ့သလို၊ ဒီဘက်ခေတ် လူတွေ မှတ်မိနိုင်လောက်တဲ့ ကာလတွေမှာလည်း ဖြစ်ခဲ့တယ်။ ၁၉၆၁ ခုနှစ် ဧပြီ ၁၄ ရက်နေ့က ကဆုန်လဆန်း ဖြစ်တဲ့အတွက် ကဆုန်လမှာ သင်္ကြန်ကျတယ်လို့ ဆိုရမယ်။ အဲဒီလိုနှစ်တွေကနေ စပြီး "တပေါင်းတန်ခူး အကြောင်းထူးမယ်" ဆိုတဲ့ စကားတရပ် ပေါ်ထွန်း ခဲ့ပါတယ်။ အဲဒီနှစ်နဲ့ မြန်မာနှစ် တနှစ်တည်းကျတဲ့ ၁၉၆၂ ခုနှစ် မတ်လမှာ မြန်မာပြည်ရဲ့ မူလ ပါလီမန်အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီး ဗိုလ်ချုပ်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီ အစိုးရ တက်ခဲ့တယ်။ ၁၉၈၈ ဧပြီ ၁၆ ရက်နေ့ဟာလည်း ကဆုန်လဆန်း ဖြစ်ခဲ့တယ်။ အဲဒီနှစ်လည်း ထူးခြားမှုတွေ ရှိခဲ့တယ်။ ၁၉၉၀ ပြည့်နှစ် ဧပြီ ၁၃ ရက်နေ့ဟာလည်း ကဆုန်လဆန်း သင်္ကြန် ဖြစ်တဲ့အတွက် အဲဒီနှစ်မှာလည်း  ထူးထူးခြားခြား အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီ ၁၆ ရက်နေ့ဟာလည်း ကဆုန်လဆန်းပါပဲ။

အဲဒီလို ကဆုန်သင်္ကြန်တွေနဲ့ တိုက်ဆိုင်ပြီး မြန်မာပြည်မှာ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို တိုက်ဆိုင်ကြည့်ရင် သိမှာပါ။ သမိုင်းကြောင်းဖြစ်စဉ်နဲ့ အခုနှစ် ၂၀၁၀ ကဆုန်သင်္ကြန်ဖြစ်စဉ်တွေက နီးစပ်ဆင်တူနိုင်ပါတယ်။ အခုနှစ်သင်္ကြန်စာမှာ သိကြားမင်းက ကျွဲစီးပြီး ဆင်းလာမယ်၊ လက်တဘက်က ရေအိုးနဲ့ နောက်လက်တဘက်က ပန်းကိုင်ပြီး ဆင်းလာမယ်လို့ ဆိုပါတယ်။ 

သိကြားမင်း ဆင်းလာတာထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက သင်္ကြန်စာထဲမှာ ဗြဟ္မာဦးခေါင်းကို လက်ခံရမယ့် နတ်သမီးတပါးက ငိုနေတာပါ။ သူက ငိုကြွေးပြီးမှ ဗြဟ္မာဦးခေါင်းကို လက်ခံရတာဆိုတော့ တစုံတရာ အပြောင်းအလဲ ရှိလာခဲ့ရင် လက်ခံရမယ့်သူက ငိုကြွေးစရာ၊ စိတ်ရှုပ်စရာ ရှိမယ့်သဘောမျိုး ထပ်တူညီနိုင်တယ်။ အပြောင်းအလဲ တခုခုရှိမယ်ဆိုရင်လည်း  အဲဒီ အပြောင်းအလဲက ငိုကြွေးခြင်းနဲ့ ပတ်သက်တဲ့ အပြောင်းအလဲ၊ မျက်ရည်စက်တွေ စွန်းထင်းရတဲ့ အပြောင်းအလဲဖြစ်လိမ့်မယ်။

သိကြားမင်းရဲ့ လက်တဘက်မှာ ရေအိုးကိုင်ထားတယ်ဆိုတာကတော့ အဓိပ္ပာယ် နှစ်မျိုးရှိတယ်။ ရေများတာ၊ ရေကြီးတာနဲ့ မီးအန္တရာယ် သတိထားသင့်တယ်။ ကျန်တဲ့ လက်တဘက်တွင် ပန်းကိုင်ထားတာကတော့ ဒီနှစ် စီးပွားရေး ပြန်လည် နာလန်ထူနိုင်မယ်၊ ပိုကောင်းလာမယ်၊ အဆင်ပြေလာမယ်။ ကျွဲစီးလာတယ် ဆိုတာက ဆန်ရေစပါး အထွက်နှုန်း ကောင်းလာမယ့် အနေအထားကို ပြောချင်တာ။

သင်္ကြန်နဲ့ ပတ်သက်တဲ့ အယူအဆတွေထဲမှာ ဘယ်နေ့သားသမီးတွေ ဘယ်လိုဖြစ်မယ် ဆိုတာကတော့ သင်္ကြန်တိုင်းမှာ အတာစားတဲ့သူ တယောက်တည်းနဲ့ပဲ ဆိုင်တယ်။ အဲဒါက သင်္ကြန်အတက်နေ့နဲ့ ကိုယ့်မွေးနေ့ တိုက်ဆိုင်တဲ့ သူတွေပေါ့။ အဲဒီလို လူတွေကို အတာသင့်တယ်လို့လည်း ခေါ်တယ်။ ဒီနှစ် အတာစားမယ့် သူတွေကတော့ သောကြာနေ့ မွေးဖွားတဲ့ သူတွေတင်မကဘူး နာမည်မှာ သ၊ ဟ နဲ့ စသူတွေလည်း အကြုံးဝင်မယ်။

၂၀၁၀ သင်္ကြန်အတက်နေ့က သောကြာနေ့ကျတယ်။ သောကြာနေ့ မြန်မာစံတော်ချိန် နေ့ခင်း ၁ နာရီ ၃၂ မိနစ် ၅၂ စက္ကန့်မှာ သင်္ကြန်တက်မယ်။ အတာသင့်တဲ့ သူတွေ၊ သောကြာ နေ့နံ သားသမီးတွေက အတာတက်မယ့် အချိန်အတိအကျမှာ အတာစား ရမယ်။ အတာစားတယ် ဆိုတာကတော့ အတာတက်မယ့်အချိန်မှာ ကောင်းကောင်းမွန်မွန် ၀တ်စားဆင်ယင်၊ သန့်စင်စွာနေ၊ အဲဒီနာရီ၊ မိနစ် အချိန်တွေမှာ အရှေ့တောင်အရပ်ကို မျက်နှာမူပြီး ကျကျနန သမာဒေ၀ နတ်ကောင်း နတ်မြတ်တွေကို အခြံအရံထားပြီး ဗုဒ္ဓမြတ်စွာဘုရားကို လှူဖွယ် ၀တ္ထုတွေ ဆပ်ကပ် ပူဇော်ခြင်းပြုတာကို အတာစားတယ်လို့ ခေါ်တယ်။

အဲဒီလို အတာစားတဲ့အတွက် သောကြာနေ့မွေးဖွားသူတွေ၊ သ၊ ဟ အက္ခရာနဲ့ နာမည် စသူတွေဟာ တောင်းတဲ့ဆု၊ ဖြစ်ချင်တဲ့ အရာတွေ အားလုံး တနှစ်လုံးကောင်းစွာ ဖြစ်လာမယ်။ သောကြာ သားသမီးတွေ အနေနဲ့ အဲဒီလို ကောင်းမှုကုသိုလ် မပြုသူတွေ ကတော့ အန္တရာယ်မျိုးစုံနဲ့ ကံဆိုးခြင်းတွေ ကြုံရမယ်။

ကုသိုလ်ကောင်းမှုကိုယူပြီး လိုချင်တဲ့ ဆန္ဒပြုမလား၊ ကုသိုလ်ကောင်းမှုမလုပ်ဘဲ သူများတွေ စိတ်အနှောင့်အယှက်ဖြစ်တဲ့ အကြောင်းအရာတွေ၊ အခက်အခဲတွေ ဖြစ်အောင် လုပ်မလားဆိုတဲ့ ယူပိုင်ခွင့် နှစ်ခုကိုတော့ တခြားလူမဟုတ်ဘူး သောကြာနေ့ မွေးတဲ့သူတွေ စဉ်းစားပိုင်ခွင့် ရှိတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်