ရွေးကောက်ပွဲကာလ ဗုံးခွဲမည်ဟု သတင်းလွှင့်၍ လုံခြုံရေးတိုးမြှင့်

Tuesday, 02 November 2010 16:14 ရွေးကောက်ပွဲ သတင်းတို
Print
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရွေးကောက်ပွဲ ကာလအတွင်း ဗုံးဖောက်ခွဲရန် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ အဖျက်သမားများ စေလွှတ်ထားသည်ဟု အာဏာပိုင်များက သတင်းလွှင့်၍ လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရှိရ သည်။

“ဒီနေ့ ကစပြီးတော့ မွန်ပြည်နယ်နဲ့  ကရင်ပြည်နယ်အတွင်းမှာ လုံခြုံရေး အဆင့်တိုးမြှင့်လိုက်တယ်။ ဘာလို့လဲဆိုတော့ KNU က ဓာတ်ဘူး ဆိုတဲ့ လူတယောက် မော်လမြိုင်မြို့ မှာ ဗုံးခွဲဖို့ ရှိတယ်။ ရွေးကောက်ပွဲ ပျက်အောင်လို့ ပေါ့လေ။  စရဖ တို့ အက်စ်ဘီ တို့က အဲသလို သတင်းလွှင့်ထားတယ်။ ဒါကြောင့် လုံခြုံရေးကို မြှင့်ထားတယ်။ လံခြုံရေး မြှင့်တယ်ဆိုတာက အစစ်အဆေး ပိုလုပ်လာနေတယ်”ဟု စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) နှင့် နီးစပ်သူ တဦးက ဧရာဝတီ သို့ ပြောသည်။

ယင်းသတင်းနှင့် စပ်လျဉ်း၍ KNU အသိုင်းအ၀ိုင်းကို မေးကြည့်သောအခါ အဆိုပါ ဓာတ်ဘူး ဆိုသည့် အမည်ကို ကြားဖူး သူပင် မရှိကြောင်း ဖြေကြားကြသည်။