NDF ကို ကြံ့ဖွံ့လက်အောက်ခံဟုပြော၍ လိမ်လည်မဲဆွယ်

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ လက်အောက်ခံ ဟုဆိုကာ ပုသိမ်မြို့နယ် ငွေဆောင်မြို့နယ်ခွဲ အနီးကျေးရွာများတွင် ကြံ့ဖွံ့ပါတီက လိမ်လည်မဲဆွယ် စည်းရုံးလျက်ရှိကြောင်း ပုသိမ်မြို့နယ် NDF ကိုယ်စားလှယ်လောင်းများက ပြောသည်။

၎င်းပြင် မန္တလေးတိုင်း အမရပူရ မြို့နယ်တွင်လည်း ကြံ့ဖွံ့ပါတီက ၎င်း၏ ပြိုင်ဘက် ကိုယ်စားလှယ်လောင်း တချို့ကို အစ္စလာမ်ဘာသာဝင်များ ဖြစ်သဖြင့် မဲမပေးသင့်ဟု ပြောဆို၍ ဘာသာရေးကို အလွဲသုံးစားပြုကာ မဲဆွယ်စည်းရုံးနေကြောင်း ဒေသခံ NDF ပါတီဝင်များထံမှ သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်