တိုက်ပွဲ သတင်းတို

တိုက်ပွဲ သတင်းတို

ဘုရားသုံးဆူ စစ်ပြေးဒုက္ခသည်များ ရှောင်တိမ်းနေရဆဲ

စစ်အစိုးရနှင့် DKBA တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေ၍ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် ဒေသခံ လူဦးရေ ၂၀၀၀ ခန့် ယခင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ခဲ့သည့် ဂျပန်ရေတွင်း အနီးဝန်းကျင်တွင် တိမ်းရှောင်နေရကြောင်း ဘုရားသုံးဆူရှိ ဧရာဝတီ သတင်း ထောက်တဦး က ပြောသည်။ ထွက်ပြေးတိမ်းရှောင်နေသူများထဲတွင် သက်ကြီးရွယ်အိုနှင့် ကလေးအများစု လည်း ပါဝင်ကြောင်း ပြောပြသည်။ ဒုက္ခသည်များကို အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO)များ အပါအ၀င် အလုပ်သမား အရေး ဆောင်ရွက်နေသူများနှင့် မွန်ပြည်သစ်ပါတီမှ အဖွဲ့ဝင်တချို့က အစားအသောက်များကို ထောက်ပံ့ပေးနေကြောင်း သိရသည်။
တိုက်ပွဲ သတင်းတို

ဘုရားသုံးဆူတွင် လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်

ယနေ့ နံနက် ၃ နာရီ ကျော်မှ စတင်ကာ DKBA တပ်များက နအဖ စစ်တပ် ခလရ ၂၈၃ တပ်စွဲရာ ထိုင်း-မြန်မာနယ်စပ် ဘုရား သုံးဆူ မြို့ပြင်ရှိ တောင်ကုန်းကို လက်နက်ကြီများဖြင့် စတင်ပစ်ခတ်သည်။ ခန့်မှန်းခြေ လက်နက်ကြီး အလုံး ၃၀ ခန့်ရှိပြီး နံနက် ၆ နာရီခန့်အထိ အပြန်အလှန် ပစ်ခတ်ကြခြင်းဖြစ်သည်။ နံနက် ၈ နာရီ ခန့်အထိ ပစ်ခတ်မှုများ ကြိုကြားကြိုကြား ရှိနေကြောင်း နယ်စပ် အခြေ အနေ ကို လေ့လာနေသူ ထိုင်းနယ်ခြားစောင့်အဖွဲ့ ဝင် တဦးက ပြောသည်။ မြ၀တီဘက်မှ ဆုတ်ခွာ လာသော ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)၏ DKBA တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူသို့ ယမန်နေ့က ရောက်ရှိလာကြောင်း၊ နအဖ စစ်ကူ တပ်များလည်း သံဖြူဇရပ်ဘက်မှ ဘုရားသုံးဆူရှိရာသို့ ဦးတည် လာနေကြောင်း၊ ထိုင်းဘက်သို့ တိမ်းရှောင်လာသော စစ်ပြေး ဒုက္ခသည်များစွာ ယမန်နေ့က ဘုရားသုံးဆူဘက် ပြန်သွားကြောင်း သတင်းရရှိသည်။
တိုက်ပွဲ သတင်းတို

ဗိုလ်မှူးကြီး စောလားပွယ် ဌာနချုပ်ကျ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ DKBA မှ ဗိုလ်မှူးကြီး စောလားပွယ်၏  ဝေါ်လေခီး ဌာနချုပ်စခန်းကို စစ်အစိုးရ တပ်များက ယမန်နေ့တွင် သိမ်းလိုက်ကြောင်း သိရသည်။ စစ်အစိုးရတပ်များက ဝေါ်လေခီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်၍ တက်သိမ်းခဲ့ပြီး စခန်းများကို မီးရှို့ခဲ့ကြောင်း၊ ရွာသားများက နီးစပ်ရာတောထဲသို့ တိမ်းရှောင်နေခဲ့ရကြောင်း ကရင် တိုင်းရင်းသား သတင်းဌာန ကွယ်ကလူမှ အယ်ဒီတာ အယ်နာက ပြောသည်။
တိုက်ပွဲ သတင်းတို

မြန်မာ့ရုပ်သံတွင် DKBA ကို KNU သောင်းကျန်းသူဟု ဖော်ပြ

ယမန်နေ့က မြန်မာ့ရုပ်သံတွင် မြဝတီမြို့အတွင်း နအဖ တပ်များ နှင့် DKBA ခွဲထွက် ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးတို့ အဖွဲ့ တိုက်ပွဲ သတင်းကို ထုတ်လွှင့်ခဲ့ရာ “KNU အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ တဖွဲ့က ဝင်ရောက် ပစ်ခတ်သည်” ဟူ၍ ကြေညာခဲ့သည်။ စစ်အစိုးရသည် DKBA တပ် မှန်သမျှကို ၎င်းတို့ လက်အောက်ခံဟု လူထုက ယုံကြည် စေရန်၊ အကြမ်းဖက်မှု မှန်သမျှ KNU ၏ လက်ချက်ဟု အထင်ရောက် စေရန် ကရင် တိုင်းရင်းသားချင်း သွေးခွဲသည့် ဝါဒဖြန့် လုပ်ငန်းများ စတင် လုပ်ဆောင် နေကြောင်း လေ့လာသူ တို့က သုံးသပ်သည်။
တိုက်ပွဲ သတင်းတို

ဘုရားသုံးဆူတိုက်ပွဲ အရပ်သား ၂ ဦးသေ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အုပ်ချုပ်ရေးမှူး နာတာပွန် ဝိချီယန်ပရက်က နအဖစစ်သားများ ပတ်ခတ်မှုကြောင့် ၉ နှစ်အရွယ် မြန်မာ မိန်းကလေးတဦး ထိမှန်ခဲ့ရာ ထိုင်းဆေးရုံတွင် သေဆုံးသွားကြောင်း၊ DKBA ဘက်မှ ပစ်ခတ်မှုကြောင့် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတဦး ထိမှန်သည့် နေရာတွင်ပင် သေဆုံးကြောင်း ပြောသည်။ ယမန်နေ့ညတွင် ထိုင်းဘက်သို့ မြန်မာစစ်ပြေးဒုက္ခသည် ၃၅၀၀ ခန့် ထွက်ပြေးခိုလှုံလာသဖြင့် ထိုင်းတာဝန်ရှိသူများနှင့် နိုင်ငံတကာအဖွဲ့များက ကူညီနေကြောင်း သိရသည်။
တိုက်ပွဲ သတင်းတို

ဘုရားသုံးဆူ တမြို့လုံးနီးပါး စစ်ဘေးရှောင်

စစ်အစိုးရနှင့် DKBA တိုက်ပွဲများ ပြင်ထန်လာသောကြောင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ဒေသခံများ အားလုံးနီးပါး နီးစပ်ရာ ပြည်တွင်း မြို့များ၊ ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်၊ စံခလဘူရီမြို့နှင့် နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။ ဘုရားသုံးဆူမြို့နယ်ရှိ သံဃာတော်များက DKBA တာဝန်ရှိသူများကို မတိုက်ကြရန် နားချသော်လည်း အဆင်မပြေသဖြင့် ထွက်ပြေးတိမ်ရှောင်ရန် မိန့်ကြားထားကြောင်း၊ ၎င်းမြို့တွင် ခန့်မှန်ခြေ လူဦးရေ ၇ ထောင်နီးပါး ရှိကြောင်း သိရသည်။
တိုက်ပွဲ သတင်းတို

မဲဆောက်မှ စစ်ပြေးဒုက္ခသည်များ မြဝတီဘက် ဆက်ပို့

ယမန်နေ့က မဲဆောက်တွင် ကျန်နေသော မြန်မာစစ်ပြေးဒုက္ခသည်များကို ယနေ့နံနက်တွင် ထိုင်းအာဏာပိုင်များက ပြန်ပို့နေပြီဖြစ်သည်။ မြန်မာစစ်တပ်မှ ဗိုလ်မှူးကြီး ခင်မောင်ဌေးနှင့် ညှိနှိုင်း၍ မြဝတီဘက်သို့ ပြန်ပို့နေခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။ လူမှုကူညီရေးအဖွဲ့များက နယ်ခြားမြစ်တလျှောက်ရှိ လယ်ကွင်းများထဲ၌ ပုန်းအောင်းနေသူများ ရှိနေဆဲဟု ဆိုသည်။ မြဝတီတွင် ထိုင်းဘက်မှ ပြန်ရောက်လာသူများ စာရင်းကို အာဏာပိုင်များက စုဆောင်းနေကြောင်းလည်း သိရသည်။
တိုက်ပွဲ သတင်းတို

ဗိုလ်မှူးကြီး စောချစ်သူနှင့် စစ်အစိုးရပေါင်း၍ မြ၀တီသိမ်းမည်

ဗိုလ်မှူးကြီး စောချစ်သူ DKBA နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက စစ်အစိုးရတပ်များနှင့် ပူးပေါင်း၍ ကရင်ပြည်နယ် မြ၀တီမြို့ကို ယနေ့ ပြန်လည် သိမ်းပိုက်မည်ဟု သတင်းရရှိသည်။ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကလည်း မြ၀တီမြို့ထဲတွင်ရှိသော ၎င်း၏ တပ်ဖွဲ့ကို ပြန်လည် ထွက်ခွာရန် ညွန့်ကြားထားကြောင်း၊ စစ်အစိုးရနှင့် DKBA တိုက်ပွဲ ကြောင့် ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင် လာသော ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များ ယနေ့ ပြန်ပို့ရန် စီစဉ်နေကြောင်း သိရသည်။
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  Next 
  •  End 
  • »
Page 1 of 3

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်