တိုက်ပွဲ သတင်းတို

တိုက်ပွဲ သတင်းတို

ဘုရားသုံးဆူ စစ်ပြေး ၁၀၀၀၀ ခန့် ထိုင်းဘက် ရှောင်တိမ်း

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှ စစ်အစိုးရနှင့် DKBA တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်၊ စံခလဘူရီမြို့ဘက်သို့ တိမ်းရှောင်လာသူ ဒုက္ခသည် ခန့်မှန်း ခြေ ၁၀၀၀၀ ခန့် ရှိကြောင်း ဒေသခံများ ပြောပြချက် အရ သိရသည်။ ဘုရားသုံးဆူ မြို့ ထဲတွင်လည်း သံဃာတော် အပါး ၁၀၀ ခန့်က ဒုက္ခသည်များကို လုံခြုံရေးယူ၍ ကူညီစောင့်ရှောက်ထားကြောင်း သံဃာတော် များနှင့် နီးစပ်သူ တဦးက ပြောသည်။
တိုက်ပွဲ သတင်းတို

ဘုရားသုံးဆူမှာ စစ်တပ်က လက်နက်ကြီးများသုံး

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ရပ်ကွက် ၄ ရှိ တိုင်တရာ ဘုန်းကြီးကျောင်းနှင့် တောင်ဝိုင်းဘုရား အကြားတွင် စစ်အစိုး ရနှင့် DKBA တပ်များ ယနေ့ နံနက် ၉နာရီကျော်က တိုက်ပွဲထပ်မံ ဖြစ်ပွားနေသည်ဟု KNU တပ်မဟာ ၆ ဗိုလ်ကြီး စောထဲနေက ဧရာဝတီသို့ ပြောသည်။ “တိုက်ပွဲကတော့ နည်းနည်းတော့ ကြီးကျယ်တယ်၊ လူထုတွေကတော့ မရှိသလောက်ဖြစ်နေတယ်။ ဆက်နေကြဖုန်းတွေလည်း တလုံးမှ ဖွင့်မအားတော့ဘူး၊ ပြေးလွှားနေကြ ရတယ်”ဟု ၎င်းက ဆိုသည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်း ရှိကြောင်း သိရသည်။
တိုက်ပွဲ သတင်းတို

မြ၀တီမှစစ်ပြေး ဒုက္ခသည် သောင်းချီ၍ ထိုင်းဘက်ရောက်

ကရင်ပြည်နယ် မြ၀တီမြို့မှ စစ်အစိုးရနှင့် DKBA တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ တိမ်းရှောင်လာသူ ဒုက္ခသည် ၃၀၀၀၀ ခန့် ရှိကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်သည်ဟု သိရှိရသည်။
တိုက်ပွဲ သတင်းတို

လိုအပ်လျှင် DKBA ကိုကူမည်ဟု KNU ပြော

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စစ်အစိုးရတပ်နှင့် DKBA တပ်ဖွဲ့ ၀င်များ ယနေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် ပတ်သက်၍ အကူ အညီ လိုပါက DKBA ဘက်မှ ကူ၍ တိုက်ရန် အသင့်ရှိကြောင်း ကရင် အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၆ ဗိုလ်ကြီး စောထဲနေ က ဧရာဝတီသို့ ပြောသည်။ “ကရင်အမျိုးသား အချင်းချင်းဖြစ်တော့ နအဖက ဒီလိုလုပ်လာလို့ရှိရင်တော့ လိုအပ်ရင် အကူ အညီပေးရမှာပဲ”ဟု ၎င်းက ဆိုသည်။
တိုက်ပွဲ သတင်းတို

မြ၀တီမှာ တိုက်ပွဲဆက်ဖြစ်

ကရင်ပြည်နယ် မြ၀တီမြို့လယ်တွင် စစ်အစိုးရနှင့် DKBA တို့ တိုက်ပွဲများဖြစ်ပွားနေပြီး မီးလောင်မှုများလည်း ဖြစ်နေကြောင်း သတင်းရရှိသည်။ ဆက်လက်၍ ပစ်ခတ်မှုများရှိနေပြီး ညအချိန်တွင် ပိုဆိုးလာနိုင်ကြောင်း ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်လာသူ တဦး က ပြောသည်။
တိုက်ပွဲ သတင်းတို

ဘုရားသုံးဆူ အစိုးရ ရုံးတချို့ မီးလောင်

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တွင် နောက်ဆုံး သတင်းအရ စစ်အစိုးရနှင့် DKBA တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ တပ်သား တချို့ ကျဆုံးခဲ့ပြီး သစ်တောရုံးနှင့် ရဲ အထူးတပ်ဖွဲ့ရုံးများ အပါအ၀င် အစိုးရရုံးများ ယခုအထိ မီး ဆက်လက် လောင်းကျွမ်း နေကြောင်း ဒေသခံတဦးက ပြော သည်။ ဒေသခံများကလည်း DKBA နှင့် စစ်အစိုးရတပ်များ ထပ်မံ တိုက်ပွဲဖြစ် မည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံဘက်နှင့် နီးစပ်ရာ ဆွေမျိုး အသိုင်းအ၀ိုင်းများထံ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။
တိုက်ပွဲ သတင်းတို

မြဝတီ အစိုးရနေရာများ DKBA ထိန်းချုပ်

မြဝတီမြို့ရှိ အဓိကကျသော အစိုးရရုံးနေရာများကို ဗိုလ်မှူးကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သော DKBA က ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။ နအဖတပ်များကလည်း ပြန်လည်သိမ်းပိုက်ရန် တပ်များစုစည်းနေကြောင်း၊ တိုက်ပွဲများအတွင်း ၇ ယောက်သေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရကြောင်းသိရသည်။ ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်တဦး၏ ဖခင်ဖြစ်သူလည်း အသတ်ခံရသည်ဟု ဆိုသည်။
တိုက်ပွဲ သတင်းတို

ဘုရားသုံးဆူတွင်လည်း တိုက်ပွဲဖြစ်

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူတွင် DKBA တပ်မဟာ ၉၀၇ နှင့် နအဖဘက်မှ ခမရ ၂၈၃ တို့ ယနေ့ နံနက်ပိုင်းတွင်တိုက်ပွဲ စဖြစ်နေကြောင်း၊ ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်ကျသောကြောင့် ထိုင်းစစ်သား တဦးသေဆုံးကြောင်း၊ မျက်မြင်တချို့အဆိုအရ ဘုရားသုံးဆူ မြို့ပေါ်တွင် မီးခိုးလုံးများတက်နေပြီး လူသွားလူလာ ကျဲပါးနေကြောင်း သိရသည်။
Page 2 of 3

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်