အလုပ်သမားဝန်ကြီး အစ္စလမ်ဘာသာဝင်များထံ ကြိုတင်မဲတောင်းခံ

မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ ဘင်္ဂါလီစု ဗလီနှင့် ကာလာဘတ်စ်တီး ဗလီများရှိ အစ္စလမ် ဘာသာဝင်များထံမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို ထောက်ခံသည့် မဲများအား အဆိုပါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ရယူနေသည်ဟု သိရသည်။

ဦးအောင်ကြည်သည် အစောပိုင်းကာလက ဗလီဆရာများထံချဉ်းကပ်၍ အစ္စလမ်ဘာသာဝင်များထံမှ ကြံ့ဖွံ့ထောက်ခံမဲ ရရန် စည်းရုံးစေခဲ့ကြောင်း၊ ဗလီဆရာများက နိုင်ငံရေးကိစ္စ မပတ်သက်လိုကြောင်း ပြောဆိုရာ လူစာရင်းများတောင်းခံသွားပြီး ၎င်းစီစဉ်ပေးမည်ဟုဆိုကာ ကြိုတင်မဲအဖြစ် ရယူသွားကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သည့် အစ္စလမ် ဘာသာဝင်တဦးက ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်