သန်လျင်တွင် ကြံ့ဖွံ့ ကြိုတင်မဲကောက်ယူ

Wednesday, 03 November 2010 13:04 ရွေးကောက်ပွဲ သတင်းတို
Print
သန်လျင်မြို့နယ် မြို့မတောင် ရပ်ကွက်အတွင်းရှိ သက်ကြီး ရွယ်အိုများ ငွေကြေး ချို့တဲ့သူများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲဝင်မည့် ဆန်ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌဟောင်း ဦးအောင်သန်းဦးက တဦးလျှင် ဆီ ၃ ပိဿာမှ ၅ ပိဿာ နှင့် ငွေကျပ် ၁၀၀၀၀ စီပေးပြီး ကြိုတင်မဲများ ကောက်ယူနေကြောင်း သတင်းရရှိသည်။