မန္တလေးမှာလည်း မဲမပေးရေး လှုပ်ရှား

Wednesday, 03 November 2010 15:58 ရွေးကောက်ပွဲ သတင်းတို
Print
မန္တလေးမြို့ ချမ်းအေးသာဇံ ၊ အရှေ့တောင် မြို့နယ် ၊ ပြည်ကြီးတံခွန် မြို့နယ်များတွင် မဲမပေးရေး စာရွက် စာတမ်းများ ယနေ့ ဖြန့်ဝေကြောင်း၊ နောက်ရက် များတွင်လည်း ဆက်လက် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း NLD မန္တလေးတိုင်း စည်းရုံးရေးမှူး ဦးကိုကိုလေးက ပြောသည်။ မဲမပေးရေး စာရွက် စာတမ်းများကို ယခုရက်ပိုင်း အတွင်း ပိုမိုဖြန့်ဝေလျက်ရှိပြီး နောက်ရက် များတွင်လည်း ဆက်လက် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။