မြ၀တီ-ဘားအံ ကားလမ်းပိတ်မည်

မြ၀တီ-ဘားအံ ကားလမ်းကို ရွေးကောက်ပွဲ မတိုင်မီ မနက်ဖြန်မှ စတင်၍ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ အထိ အာဏာပိုင်များက ပိတ်ထားတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ဖွင့်လှစ်ထားသည့် ဂိတ်များကိုလည်း ရွေးကောက်ပွဲကာလ၌ ပိတ်ထားရန် မြန်မာအာဏာပိုင်များက ထိုင်းအာဏာပိုင်များကို ပြောကြားထားသည် ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။ ထိုင်း-မြန်မာ နယ်စပ် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားကို မြန်မာ ဘက်က ဇူလိုင်လမှ စ၍ ၃ လ ကျော် ပိတ်ထားခဲ့သော်လည်း မယ်ဆိုင်-တာချီလိတ် တံတားကို ပိတ်မည်မဟုတ်ကြောင်း သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်