ခြိမ်းခြောက်ပြောဆိုပြီး ကြံ့ဖွံ့အတွက်မဲဆွယ်

Thursday, 04 November 2010 13:05 ရွေးကောက်ပွဲ သတင်းတို
Print
တောင်တွင်းကြီးမြို့နယ်ရှိ ကန်ဘဲကြီး သကြားစက်ရုံမှ စက်ရုံးမှူးသည် ၀န်ထမ်းများအား ခေါ်ယူကာ ကြံ့ဖွံ့ပါတီကို မဲပေးမှသာ အန္တရာယ် ကင်းမည်ဟု ပြောဆိုခဲ့ပြီး ၎င်းစက်ရုံ၌ မည်သည့်နိုင်ငံရေးပါတီ များကိုမှ လာရောက် စည်းရုံးခွင့် မပြုကြောင်းနှင့် လာသမျှကို နှင်ထုတ်မည်ဟု ပြောဆိုကြောင်း အဆိုပါ စက်ရုံနှင့်နီးစပ်သူတဦးက ပြောသည်။ အဆိုပါ စက်ရုံမှူးသည် စစ်တပ်မှ ဗိုလ်မှူးတဦးဖြစ်ပြီး ၎င်း၏ အနိုင်အထက် ပြောဆိုမှုများကို ဝန်ထမ်းများ မကျေမနပ် ဖြစ်နေကြသည်။