တာချီလိတ် လ၀ကများ ကြံ့ဖွံ့ကို ကြိုတင်မဲပေးရ

တာချီလိတ်ရှိ လ၀က ၀န်ထမ်းများကို ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲ ကောက်ခံခဲ့ရာ ကြံ့ဖွံ့ပါတီကို မဲပေးခဲ့ရကြောင်း၊ ယင်းသို့ မဲမပေးလျှင် နောင်တချိန် အလုပ်တွင် အနှောင့်အယှက် ဖြစ်လာနိုင် သည့်အတွက် မဲပေးလိုက်ရခြင်း ဖြစ်ကြောင်း၊ မဲပေးသူပေါင်း ၆၀ ခန့်ရှိကြောင်း လ၀က ၀န်ထမ်းတဦးက ပြောသည်။ မယ်ဆိုင်- တာချီလိတ် တံတားတွင် တာဝန် ယူနေသည့် လ၀က များအပါအ၀င် ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးယူထားသည့် စစ်သား များလည်း မဲပေးရသည်ဟု သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်