ရွေးကောက်ပွဲ အထူး တံဆိပ်ခေါင်းသစ် ထုတ်မည်

Thursday, 04 November 2010 17:19 ရွေးကောက်ပွဲ သတင်းတို
Print
စစ်အစိုးရက ရွေးကောက်ပွဲ အထူးထုတ် တံဆိပ်ခေါင်းသစ် ကျပ် ၅၀၀ တန်ကို နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၉ နာရီခွဲမှ စတင်၍ ဆက်သွယ်ရေး စခန်း စာတိုက်များတွင် ရောင်းချမည် ဖြစ်ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။ အထူး အစီအစဉ် တရပ် အနေဖြင့် နေပြည်တော် ဗဟို စာတိုက်၊ ရန်ကုန်၊ မန္တလေး စာတိုက်ကြီးတို့တွင် ၀ယ်ယူသော စာပို့တံဆိပ်ခေါင်းများ ပေါ်တွင် တံဆိပ်ခေါင်းဖျက် အမှတ်အသား တံဆိပ်များ ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။