၂၄ နာရီဈေးများတွင် ကြိုတင်မဲကောက်မည်

သီရိမင်္ဂလာဈေးနှင့် ဗဟိုစံပြ ငါးဈေးကဲ့သို့ ၂၄ နာရီ ဈေးကြီးများရှိ ဈေးသူ ဈေးသားများ အားလုံး နိုဝင်ဘာ ၅ ရက်နေ့တွင် ကြိုတင်မဲ ပေးရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ မဲရုံ တည်ဆောက် ပေးမည် မဟုတ်ဘဲ ဈေးအာဏာပိုင်များမှ တဆင့် ဈေးဆိုင်ရှင်များနှင့် ၀န်ထမ်းများ စာရင်းကို ကောက်ယူ သည့်နည်း အသုံးပြုမည် ဖြစ်ရာ တဦးချင်းစီ၏ ဆန္ဒကို ဖော်ပြခွင့် မရသကဲ့သို့ ကြံ့ဖွံ့ပါတီ အတွက် ထောက်ခံသည့် မဲများသာ ဖြစ်သွားမည်ဟု ယူဆကြောင်း သီရိမင်္ဂလာဈေး တာဝန်ခံ တဦးက ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်