မဲရုံတွင်း ပါတီ ၀တ်စုံ မ၀တ်ရ

Thursday, 04 November 2010 17:48 ရွေးကောက်ပွဲ သတင်းတို
Print
ပါတီများမှ မဲရုံကိုယ်စားလှယ် များသည် မဲရုံအတွင်း သက်ဆိုင်ရာပါတီ၏ ၀တ်စုံများဝတ်ဆင်၍ ၀င်ရောက်ခွင့် မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် အမိန့် ထုတ်ခဲ့သည်ဟု သတင်းရသည်။ ပဲခူးတိုင်း သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်က ထိုအမိန့် မှန်ကန်ကြောင်း၊ ပါတီ မဲရုံကိုယ်စားလှယ်များ အနေဖြင့် အမျိုးသားဝတ်စုံဖြင့်သာ လာခွင့်ရှိကြောင်း၊ သို့သော် ပါတီတံဆိပ်ပါ ရင်ထိုးကိုမူ ရင်ဘတ်တွင် ချိတ်ဆွဲထား နိုင်ကြောင်း ပြောသည်။