စစ်ဆေးရုံ ၀န်ထမ်းများ ကြိုတင်မဲထည့်ပြီး

ရန်ကုန်မြို့ရှိ စစ်ဆေးရုံ အမှတ် ၁ နှင့် အမှတ် ၂ တို့မှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအားလုံး နိုဝင်ဘာ ၁ ရက် နေ့က ကြိုတင်မဲထည့်ခဲ့ရသည်ဟု စစ်ဆေးရုံ အမှတ် ၂ မှ အရာရှိငယ်တဦးက ပြောသည်။ လျှို့ဝှက်မဲပေးသည့် ပုံစံမဟုတ်ဘဲ သက်ဆိုင်ရာ အရာရှိများရှေ့တွင်ပင် ကြံ့ ဖွံ့ပါတီကို မဲထည့်ခဲ့ရကြောင်း ၎င်းကပြော သည်။ စစ်ဆေးရုံဝင်းအတွင်း နေထိုင်သူများက မိသားစုလိုက် ကြံ့ ဖွံ့ပါတီကို ကြိုတင်မဲထည့် ခဲ့ရသည်ဟုလည်း ဆိုသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်