တရားမျှတလျှင် နိုင်မည်ဟု ကရင်ပါတီပြော

Friday, 05 November 2010 13:28 ရွေးကောက်ပွဲ သတင်းတို
Print
ရွေးကောက်ပွဲ တရားမျှတလျှင် ကရင်ပြည်နယ် မဲဆန္ဒနယ်များ၌ အနိုင်ရမည်ဟု ဘားအံမြို့ရှိ ဖလုံ - စဝေါ် ဒီမိုကတစ် ပါတီ ဥက္ကဌ ဦးခင်မောင်မြင့်က ဧရာဝတီသို့ ပြောသည်။ “ အကယ်၍များ စစ်တပ်က ဘာမှ ဖိအားတွေ မပါဘူးဆိုရင်တော့ ကရင်ပြည်နယ် အတွင်း မှာ တရေးနိုး ထပြိုင်လို့ ရဲသေးတာပေါ့” ဟု ၎င်းက ဆိုသည်။ လတ်တလောတွင် ၎င်းတို့ အနေနှင့် ပြည်ပမီဒီယာများနှင့် ဆက်သွယ်ပြောဆိုသည့် အကြောင်း အရာများကို အက်စ်ဘီ သို့ ပြန်လည် သတင်း ပေးပို့ရကြောင်း သိရသည်။