ကြံ့ဖွံ့မဲပေးမှ ငြိမ်းချမ်းမည်ဟု ရထားဝန်ကြီးပြော

Saturday, 06 November 2010 16:28 ရွေးကောက်ပွဲ သတင်းတို
Print
ကြံ့ဖွံ့ပါတီကို မဲပေးမှ တိုင်းပြည်ငြိမ်းချမ်းမည်ဟု တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မီးရထား ၀န်ကြီး  ဦးအောင်မင်းက ကျောက်တံခါးမြို့နယ်ရှိ ဟိန္ဒူလူမျိုးများကို ပြီးခဲ့သည့် ရက်ပိုင်းက မဲဆွယ်ပြော ကြောင်း သတင်းရသည်။ မိမိတောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးလုပ်ခဲ့စဉ်က ပေါ်တာမဆွဲ၊ လုပ်အားပေး မခေါ်ကြောင်း၊ ကြံ့ဖွံ့ပါတီ ကို မဲ ပေးမှသာ တိုင်းပြည် အတွက် စီမံကိန်း ကောင်း များကို ဆက်လက် လုပ်ဆောင် သွားနိုင်မည် ဖြစ်သည်ဟု ပြောကြောင်း ဒေသခံ ဟိန္ဒူ လူမျိုး တဦးက ပြော သည်။