ပင်လုံ က မဲရုံမှူး တဦး စည်းကမ်းနှင့်မညီ

Sunday, 07 November 2010 07:51 ရွေးကောက်ပွဲ သတင်းတို
Print
ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော မဲရုံရှိ မဲရုံမှူးမှာ မဲပေးရန်လာသော ဒေသခံပြည်သူများကို ညွန်ကြားချက်များ ပေးနေခြင်းသည် စည်းကမ်းနှင့်မညီသဖြင့် သွားရောက် စစ်ဆေးရန်လိုအပ်သည် ဟု SNDP ပါတီ မဲရုံကိုယ်စားလှယ်က အကြောင်းကြားထားကြောင်း ယင်းပါတီ အမတ် စိုင်းဆိုင်မိုင်းက ပြောသည်။