ကျောက်မဲ၌ အမျိုးသားဝတ်စုံဝတ် မဲပေးရ

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် မဲပေးမည့် ဒေသခံများကို အမျိုးသား ၀တ်စုံ ၀တ်ဆင်ရန် အာဏာပိုင်များက ညွန်ကြားထားကြောင်းသိရသည်။ ဒေသခံများက အမျိုးသား ၀တ်စုံအဖြစ် ရှမ်းရိုးရာ ၀တ်စုံကို ၀တ်ဆင်ခဲ့သော်လည်း အာဏာပိုင်များက အမျိုးသား ၀တ်စုံဆိုသည်မှာ ပုဆိုးနှင့် တိုက်ပုံဖြစ်ပြီး ယင်း ၀တ်စုံကို ၀တ်ဆင်ရန် ပြောဆိုသဖြင့် ဒေသခံများမှာ မကျေနပ်ကြကြောင်း အများစုမှာ ရှမ်းဝတ်စုံ ကို ၀တ်ဆင်၍ လာရောက်မဲပေးကြကြောင်း SNDP ပါတီဝင်တဦးက ဆိုသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်