ရွေးကောက်ပွဲ ကော်မရှင်က ရှုံးနိမ့်ပြီဟု အကြောင်းကြားခဲ့သော တောင်ဥက္ကလာပ မြို့နယ် တသီးပုဂ္ဂလ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်ကို အနိုင်ရကြောင်း ၈ ရက်နေ့ ညက ပြင်ဆင်ပြောဆို အကြောင်းကြား လိုက်ကြောင်း သတင်းရရှိသည်။ ဒေါက်တာစောနိုင်သည် ကြံ့ဖွံ့ပါတီကို ၆ မဲ အသာနှင့် အနိုင်ရသည်ဟု သိရသည်။